ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

News and Activities

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက်   ၂၀၁၈ ခုနှစ်၊  ဒီဇင်ဘာလ (   ၂၁   ) ရက်   ၁။       ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၁ ) ရက်နေ့ နံနက်    ၀၉း၀၀   နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၁၈)ဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ ပါသည်။ ၂။       အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိက များနှင့် သင်တန်းသား/သင်တန်းသူ ( ၇၈ ) ဦး တက်ရောက်ခဲ့ကြပါသည်။
နော်ဝေနိုင်ငံစာရင်းစစ်ချုပ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးတို့အကြား လက်မှတ် ရေးထိုးထားသော နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မှုများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံစာရင်းစစ်ချုပ်ရုံးများအကြား အဆင့်မြင့် ပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် နော်ဝေနိုင်ငံစာရင်းစစ်ချုပ် Mr. Per-Kristian Foss နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Gry Anette Midtbo တို့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါသည်။
၁။      ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် EU/GOPA မှ Consultant ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။                                                                                                                 
Professional Standards Committee (PSC)၊ International organization of Supreme Audit Institutions (INTOSAI) ၏ အောက်တွင် ဖွဲ့စည်းထားသော Financial Audit and Accounting Subcommittee (FAAS) သည် Financial Audit ISSAIs အကောင်အထည်ဖော်နေေသော SAI များ တက်ရောက်နိုင်သည့် Discussion Forum တစ်ခုကို စတင်ဆောင်ရွက်ခဲ့ပါသည်။ SAI များသည် Financial Audit ISSAIs လက်ခံကျင့်သုံးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် မေးခွန်းများကို FAAS သို့ https://www.intosai-faas.org/discussion-forum.html ရှိ Discussion Forum တွင် ဝင

Pages