News and Activities
၁။၂၀၁၆ခုနှစ် မေလ (၃)ရက်နေ့ မွန်းလွဲ ၃:၀၀နာရီတွင် နော်ဝေနိုင်ငံ သံအမတ်ကြီး H.E Ann Ollestad ဦးဆောင်သည့် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံး ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းအား လာရောက် တွေ့ဆုံပါသည်။
၁။ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် International Financial Reporting Standards (IFRS) နှင့် International Standards on Auditing (ISA) တို့ကို အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဂျာမန်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) တို့အကြား နောက်ထပ်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် GIZ အဖွဲ့တို့ သည် ၂၀၁၆ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
၁။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ နံနက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု အမှတ်စဉ် (၂၂၄) သင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ အမြဲတမ်းအတွင်းဝန် / တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်စန်းဦး တက်ရောက်၍ သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/ သင်တန်းသူ (၁၄၈)ဦး တက်ရောက်ခဲ့ကြပါသည်။
နိုင်ငံခြားအဖွဲ့အစည်းများ၊ နိုင်ငံခြားသားများနှင့် စာရင်းလုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း

