ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

News and Activities

၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ADB မှ Country Director Mr. Newin Sinsiri ဦးဆောင်သော အဖွဲ့အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ၂။ ထိုသို့ တွေ့ဆုံရာတွင် ADB မှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအား ကူညီထောက်ပံ့ ပေးနေသည့် Technical Assistance အခြေအနေ၊ Quality Assurance for Audit နှင့် ADB ငွေကြေးထောက်ပံ့မှုစီမံကိန်းများ စစ်ဆေးရန်အတွက် Outsourcing ပြုလုပ်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။
၁။     ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့ နေ့လည်(၁း၃၀) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌  စာရင်းစစ်- ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်- ၄၈ သင်တန်းဆင်းပွဲအခမ်းအနား     ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။ ၂။     အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့်   သင်တန်းသား / သင်တန်းသူ- ၁၁၂ ဦး တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်း ခေါင်းဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် နော်ဝေနိုင်ငံံစာရင်းစစ်ချုပ်  Mr.Per-Kristian Foss ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နော်ဝေနိုင်ငံံစာရင်းစစ်ချုပ်ရုံးတို့အကြား ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလက ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ (MOU) အရ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးရန်နှင့် နော်ဝေနိုင်ငံံစာရင်းစစ်ချုပ်ရုံးတွင် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် Modernization Programme များကို လေ့လာရန်  ၂-၉-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှထွက်ခွာခဲ့ပါသည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်အတူ ဒုတိယအမြဲတမ်းအတွင်းဝ
ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု    ဦးစီးဌာနမှ Accounting Supervision Division ၏ Director ဖြစ်သူ Mrs. Sorada Lertharpachit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် “Role on Strengthening and Supervising Accounting Professions in Myanmar” နှင့်စပ်လျဉ်း၍ လေ့လာဆွေးနွေးရန် အတွက် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့၊ နံနက် (၉:၃၀)နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ Study Visit လာရောက်ခဲ့ရာ အမြဲတမ်းအတွင်းဝန် ဦးဆောင်သောတာဝန်ရှိသူများမှ လက်ခံတွေ့ဆုံခဲ့ပြီး Accounting Professions အခန်းကဏ္ဍ နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

Pages