ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

News and Activities

၁။       ၂၀၁၇ ခုနှစ်၊နိုဝင်ဘာလ( ၂၀ )ရက်နံနက်(၁၀း၀၀)နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက် ၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ ၂။       အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သင်တန်းသူ ( ၂၅၄ ) ဦးတက်ရောက်ခဲ့ကြပါသည်။
   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် လာအိုဒီမိုကရက်တစ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံ ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၄) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (4th ASEANSAI Summit) သို့ တက်ရောက်ခဲ့ပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်း၍ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုစစ်ဆေးခြင်း အလုပ်ရံုံဆွေးနွေးပွဲ (Performance Audit Workshop) ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့မှ (၃) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၁။       ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် EU Mission မှ Expert ဖြစ်သူ Mr. Anders Hjertstrand ဦးဆောင်သောအဖွဲ့အား ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် ကမ္ဘာ့ဘဏ်အဖွဲ့မှ Senior Financial Management Specialist ဖြစ်သူ Mr. Christopher Fabling ဦးဆောင်သော အဖွဲ့အား ၂၀၁၇ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

Pages